V812 Core4 Tablet Rom တင်နည်း

Guide တွေလည်း မတင်ဖြစ်တာကြာပြီ နားလည်ပေးကျပါဗျ ခု

china tablet တစ်လုံး firmware တင်နည်းလေး ပြောပြပေးပါ့မယ်

V812Core4 ကိုတင်ဖို့ 

ဒေါင်းလို့ ရလာတဲ့ rar ကိုဖြည်ချလိုက်ပါ

exe တစ်ခု၊ img တစ်ခု၊ doc ဆိုပြီး File 3 ခုပါဝင်ပါတယ်

ဒီမှာ ဒေါင်းပါ

ပြီးရင် PhoenixSuitPacket_v 1.0.6.msi ကို မိမိ ကွန်ပျူတာကို install လုပ်ပေးပါ

Phoenix ကိုဖွင့်ပါ Firmware ဆိုတဲ့ နေရာကိုသွားပါ

အဲ့မှာ ခုဏက ဒေါင်းလို့ရလာတဲ့ .img File ကို image ကိုနှိပ်ပြီးေ၇ွးပေးလိုက်ပါ

ဒါဆို Phoenix က Upgrade Mode ကိုသွားဖို့ လမ်းညွှန်ပေးပါလိမ့်မယ်



ဒီမှာလည်း Upgrade Mode ရောက်ဖို့ တော်တော် တိုင်ပတ်ခဲ့သေးတယ်ဗျာ သူပြောတဲ့အတိုင်းသွားတာ 

ပါဝါပိတ်ပါ ပြီးရင် usb ကြိုးထိုးပါ အဲ့မှာ Home Key ကို နှိပ်ပြီးထိုးပါ ဆိုတော့ အဲ့လိုလုပ်တာပေါ့ ဘယ်လိုမှ 

အဆင်မပြေဘူးဗျာ

သိတဲ့အတိုင်း Guide ပြန်ရှာရတာပေါ့ 

ကိုယ်ကပဲ ပိန်းတာလား သူကပဲ လည်အောင်ရေးထားတာလားတော့ 

မဖတ်တက်တော့ဘူး

အဲ Guide တွေ့တော့မှ Home ကိုဖိထားပြီး USB ကြိုးထိုးပါ ပြီးရင် Power ကိုဖိထားပြီး Home ကို တစ်ချက်ခြင်း နှိပ်ပါ

အဲ့တော့မှ Upgrade Mode ကိုရောက်တယ် အဲ့တော့ သူက တင်မှာလားပေါ့

တင်မယ် Yes ပေါ့ ခဏစောင့်လိုက်ပါ 100% လေးပြည့်သွားရင် Reboot ကျပြီးပြန်တက်လာရင် ရပါပြီ

ဒီ Rom က Root ပြန်ဖောက်စရာမလိုဘူး အရမ်းမိုက်တယ်

No comments:

Post a Comment